Wednesday, October 15, 2014

// // Leave a Comment

facebook

သင်အသုံးမပြုတဲ့ Facebook Messenger ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များ
ဝင်းကမ္ဘာကျော် / 18 hours ago


Facebook က မိုဘိုင်းဖုန်းများမှ ပင်မ Facebook App မှာ Chat ပြုလုပ်ခွင့်ကို ပိတ်လိုက်ပြီး သူ့ရဲ့ Messenger App ကို အသုံးပြုခိုင်းခဲ့ပါတယ်။ Messenger အသုံးမပြူသူအတော်များများက အဲဒီပြောင်းလဲမှုကို မနှစ်သက်ကြပါဘူး။ ဒါပေမယ့်လည်း Facebook Chat ကို ပင်မ App မှာ အသုံးပြုတာထက် Messenger မှာ အသုံးပြုရတာ စွမ်းဆောင်ချက်များစွာကို ခံစားနိုင်မှာပါ။ အဲဒီ စွမ်းဆောင်ချက်များထဲကမှ လူသိနည်းတဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြလိုက်ပါတယ်။
 

ဓါတ်ပုံနဲ့ ဗီဒီယိုများကို စဉ်ဆက်မပြတ်ရိုက်ကူး ပေးပို့ပါ။

Messenger ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တစ်ခုက ဖုန်းမှ သိမ်းထားတဲ့ ဓါတ်ပုံများကိုသာ ပေးပို့နိုင်ရုံမက ဓါတ်ပုံနဲ့ ဗီဒီိယိုများကို စဉ်ဆက်မပြတ် ရိုက်ကူးပေးပို့နိုင်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် ကင်မရာ အိုင်ကွန်ကို နှိပ်ပါ။ Send Button ကို တစ်ချက်နှိပ်ရင် ဓါတ်ပုံရိုက်ပြီး ပို့ပေးမှာပါ။ Send Button ကို ဖိထားရင်တော့ ဗီဒီယို ရိုက်ပြီး ပို့ပေးမှာ ဖြစ်ပါတယ်။ အရှေ့ သို့မဟုတ် အနောက် ကင်မရာကို ပြောင်းလဲနိုင်ပါသေးတယ်။ အဲဒီ စွမ်းဆောင်ချက်ဟာ Chat Head မှာတောင် အလုပ်လုပ်ပါတယ်။

ဓါတ်ပုံများကို အင်တာနက်မှာ ရှာဖွေပြီး ပေးပို့ပါ။

တစ်ခါတစ်လေမှာ စာရိုက်စကားပြောရတာထက် ဓါတ်ပုံလေးတွေနဲ့ စကားပြောရတာ ပျော်စရာကောင်းပါတယ်။ ဒီလို ဓါတ်ပုံတွေကို အင်တာနက်မှာ ရှာဖွေပြီး ပေးပို့နိုင်တဲ့ စွမ်းဆောင်ချက်ဟာ Messenger မှာ ပါရှိပြီးသားပါ။ အခြား App တစ်ခုကနေ ဓါတ်ပုံရှာ ၊ ဖုန်းထဲကို ဒေါင်းလုပ်လုပ်၊ ပြီးတော့ Messenger ကိုဖွင့်ပြီး ဒေါင်းလုပ်လုပ်ထားတဲ့ ဓါတ်ပုံကို ပေးပို့ရတဲ့ အလုပ်ရှုပ်မှုတွေကို ကျော်လွှားနိုင်မှာပါ။ ဒီလိုလုပ်ဖို့ Menu ကိုနှိပ်ပြီး Image Search ကိုနှိပ်ပါ။ ရှာချင်တဲ့ ဓါတ်ပုံကို စာရိုက်ရှာရမှာပါ။ ဓါတ်ပုံတွေ ပေါ်လာရင် ပို့ချင်တဲ့ ပုံကို တစ်ချက်နှိပ်ပါ။ Bing Search Engine ကနေ ရှာဖွေပေးမှာ ဖြစ်ပါတယ်။

သင့်ရဲ့ တည်နေရာကို ပေးပို့ပါ။

သူငယ်ချင်းက သင်ဘယ်နေရာမှာ ရောက်နေလဲလို့ Messenger ကနေ စာရိုက်မေးရင် သင့်ရဲ့ တည်နေရာ လိပ်စာကို အချိန်ကုန်ခံပြီး ရိုက်နေစရာ မလိုပါဘူး။ Settings ထဲက Location ကို ခဏတာ ဖွင့်ပေးလိုက်ပါ။ သင့်သူငယ်ချင်းက Menu ကနေ View Map ကို နှိပ်လိုက်တာနဲ့ သင့်ရဲ့ တည်နေရာကို မြေပုံမှာ တွေ့ရှိ သိနိုင်ပါပြီ။

Audio Message များပေးပို့ပါ။

စာရိုက်ရတာ အလုပ်ရှုပ်လို့ပဲဖြစ်ဖြစ် အသံနဲ့ ဆက်သွယ်ချင်လို့ပဲဖြစ်ဖြစ် Audio Message များပေးပို့နိုင်ပါတယ်။ ဒီလိုလုပ်ဖို့ မိုက်ကရိုဖုန်း အိုင်ကွန်ကို နှိပ်ပါ။ Record Button ပေါ်လာရင် ဖိထားပြီး ပြောချင်တဲ့ စကားများကို ပြောပါ။ ခလုတ်ကို လွှတ်လိုက်တာနဲ့ Audio Message ကိုပေးပို့ပေးမှာ ဖြစ်ပါတယ်။

Group Chat များကို Pin လုပ်ပါ။

Group Chat များဟာ မိသားစုများ စုပေါင်းစကားပြောဖို့၊ လုပ်ဖော်ကိုင်ဖက်များ အလုပ်ကိစ္စဆွေးနွေးဖို့ အတွက် ပြုလုပ်ပေးထားတာပါ။ ဒါပေမယ့် မကြာခဏပြောလေ့ရှိတဲ့ Group Chat တစ်ခုကို လိုက်ရှာရတာ မလွယ်ကူပါဘူး။ Messenger မှာ Group Chat များကို လွယ်ကူစွာ ရှာတွေ့နိုင်ဖို့ Pin ပြုလုပ်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ Messenger ရဲ့ Home Screen မှ Group Chat Tab ကိုသွားပါ။ ဘယ်ဘက်အောက်မှ Pin အိုင်ကွန်ကို နှိပ်ပါ။ Pin လုပ်ချင်တဲ့ အဖွဲ့ကို ရွေးချယ်ပါ။ နောက်အဆင့်မှာ နာမည်ပေးပါ။ ဒါဆိုရင်အဲဒီ Group ကို Group Chat ကဏ္ဍမှာ Pin လုပ်ပေးထားမှာပါ။

 
 
 Myanmar Digital Life Journal

Visit website


Posted via Blogaway

0 comments:

Post a Comment