Wednesday, October 15, 2014

// // Leave a Comment

မဖြူနှင်းထွေးအား ခြွင်းချက် မရှိ လွှတ်ပေးရန် (၁၉၉၀) လွှတ်တော် ကိုယ်စားလှယ်များ အဖွ...

မဖြူနှင်းထွေးအား ခြွင်းချက် မရှိ လွှတ်ပေးရန် (၁၉၉၀) လွှတ်တော် ကိုယ်စားလှယ်များ အဖွ...
Myanmar Online News's Facebook Wall / Myanmar Online News / 3 hours ago

မဖြူနှင်းထွေးအား ခြွင်းချက် မရှိ လွှတ်ပေးရန် (၁၉၉၀) လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့မှ ကြေညာချက်ထုတ် « Back
Wednesday, October 15, 2014

ဖမ်းဆီး ချုပ်နှောင်ခံ ထားရသော အထက်မြန်မာပြည် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် မဖြူနှင်းထွေးအား ချွင်းချက်မရှိ လွှတ်ပေးရန် (၁၉၉၀) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့မှ ယမန်နေ့က သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ တရုတ် နိုင်ငံသား နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်မှုတွင် ပါဝင်ခဲ့သည်ဟု ဆိုကာ ဗကသ ကျောင်းသူ မဖြူနှင်းထွေးအား စက်တင်ဘာလ (၁၃) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့၌ သက်ဆိုင်ရာမှ ဖမ်းဆီးခဲ့သည်။ ကျွန်တော်တို့ အဖွဲ့ အနေနဲ့ မဖြူနှင်းထွေး ကိစ္စဟာ တရား မျှတမှု မရှိဘူးလို့ မြင်တယ်။ တက္ကသိုလ် ကျောင်းသူလည်း ဖြစ်တယ် အမျိုးသမီး တစ်ဦးလည်း ဖြစ်တယ်။ ဒါကို သက်ဆိုင်ရာက ဘယ်လိုမှ မလုပ်သင့်ဘူးလို့ မြင်တယ်။ ကျွန်တော်တို့ ကြေညာချက် ထုတ်တယ်။

ဒါကို မှ အစိုးရက လုပ်မပေးဘူး ဆိုရင် မဖြူနှင်းထွေး ပြန်လွှတ်ဖို့ ကျွန်တော်တို့ အစိုးရကို တိုက်ရိုက် တိုက်တွန်း သွားမယ် ဟု ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့မှ ဦးဒေးဗစ်လှမြင့်က The Messenger Media သို့ ပြောသည်။ ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့၏ ကြေညာချက်တွင် လက်ပံတောင်းတောင် ဒေသခံများ အကျိုး ဆောင်ရွက်သူ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂများ အဖွဲ့ချုပ်၊ မန္တလေး ခရိုင် ကျောင်းသားသမဂ္ဂ ကျောင်းသူ မဖြူနှင်းထွေးအား အာဏာပိုင်များက ကြီးလေးသော ပုဒ်မများ တပ်ကာ ဖမ်းဆီး တရားစွဲဆို ခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှု မှသည် အာဏာရှင် အဆက်ဆက်အား တော်လှန် တိုက်ပွဲဝင် ခဲ့သော ကျောင်းသားသမဂ္ဂများ၊ သမဂ္ဂ အဖွဲ့ဝင်များသည် မျိုးဆက်အလိုက် ယနေ့ အချိန်အထိ လူ့ အခွင့်အရေး ၊ဒီမိုကရေစီ အရေး၊ ငြိမ်းချမ်းရေး ကိစ္စ အရပ်ရပ် တို့တွင် ပါဝင် ဆောင်ရွက် နေကြောင်း၊ ထို့ကြောင့် မြန်မာ့အရေးနှင့် မြန်မာ ကျောင်းသားတို့မှာ တစ်ထပ်တည်း၊ တစ်သားတည်းရှိ နေသည်ကို အာဏာပိုင်များ သတိချပ်သင့်ကြောင်း ဖော်ပြထားသည်။

မဖြူနှင်းထွေးနဲ့ ပတ်သက်ပြီး တချို့ အဖွဲ့အစည်း တွေက ကြေညာချက်တွေ ထုတ်ပြန်တယ် ဆိုတာ အွန်လိုင်းကနေ မကြာခဏ တွေ့နေရ ပါတယ်။ ဒီလို ထုတ်ပြန်ပေးတဲ့ အတွက်လည်း ကျွန်မတို့ အဖွဲ့က ကျေးဇူးတင်ပါတယ်။ ကျွန်မ တို့လည်း မဖြူနှင်းထွေး လွတ်မြောက်အောင် လုပ်ဖို့ အားတွေ ပိုရှိလာတယ်။ အားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ဟု ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဗဟို လုပ်ငန်း ကော်မတီ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က The Messenger Media သို့ပြောသည်။

၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ အနေဖြင့် မတရား ဖမ်းဆီး ချုပ်နှောင်ထားသော ဗကသ ကျောင်းသူ မဖြူနှင်းထွေးအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ အမျိုးသား ပညာရေး ဥပဒေအား ဖျက်သိမ်းပေးရန်နှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ရပ်ဆိုင်းပေးရန် ဟူသည့် အချက်သုံးချက်ကို တောင်းဆိုခဲ့သည်။

messengernewsjournal

Visit website


Posted via Blogaway

0 comments:

Post a Comment