ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ သတင်းအေဂျင်စီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် လျှောက်ထာ...
MOI Webportal Myanmar's Facebook Wall / MOI Webportal Myanmar / 42 mins ago
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ သတင်းအေဂျင်စီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် လျှောက်ထားလိုသူများအတွက် အသိပေး ကြေညာချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
၁။ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃ ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကိုလည်း (၂-၄-၂၀၁၄) ရက်နေ့တွင် ဖျက်သိမ်းခဲ့ရာ ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင် လုပ်ငန်းများ ဖြစ်သည့် အသစ်ခွင့်ပြုခြင်း၊ သက်တမ်းတိုးခြင်း စသည့် လုပ်ငန်းများကို နည်းဥပဒေအသစ်မထွက်မီ ယာယီဆိုင်းငံ့ထားရှိခဲ့ပါသည်။
၂။ အသစ်ပြဋ္ဌာန်းပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို (၁၀-၁၀-၂၀၁၄) ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ၎င်းနည်းဥပဒေအပြည့်အစုံကို ပြန်ကြားရေးဝန်ကြီးဌာန Website ဖြစ်သော www.moi.gov.mm တွင် လွှင့်တင်ထားပြီး ဖြစ်ပါသည်။ နည်းဥပဒေများအရ အောက်ဖော်ပြပါ လုပ်ငန်းအမျိုးအစားများအတွက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ် အသစ်လျှောက်ထားခြင်း၊ (၃၀-၆-၂၀၁၄) ရက်နေ့တွင် သက်တမ်းကုန်ဆုံးသည့် လုပ်ငန်းများနှင့် (၃၁-၁၂-၂၀၁၄) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းအတွက် ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင်သက်သေခံ လက်မှတ်များကို လုပ်ငန်းအသိအမှတ်ပြု လက်မှတ်အသစ်များဖြင့် လဲလှယ်ခြင်းတို့ကို (၁၅-၁၀-၂၀၁၄) ရက်နေ့မှ စတင် လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
(က) ပုံနှိပ်ခြင်းလုပ်ငန်း
(၁) ပုံနှိပ်သည့်စက်များ၊ Letter Press၊ Offset၊ Gravure and Flexo Printing Machine (ပလတ်စတစ်ရိုက်စက်များ အပါအဝင်)
(၂) Digital Printing Machine၊
(၃) Computer to Plate Machine။
မှတ်ချက်။ အပုဒ် ၂(က) ဖော်ပြချက်နှင့် အကျုံးမဝင်သော မိတ္တူကူးစက်နှင့် ကွန်ပျူတာများလျှောက်ထားရန် မလိုပါ။
(ခ) ထုတ်ဝေခြင်းလုပ်ငန်း
(၁) သတင်းစာ ထုတ်ဝေခြင်း၊
(၂) ဂျာနယ်ထုတ်ဝေခြင်း၊
(၃) မဂ္ဂဇင်းထုတ်ဝေခြင်း
(၄) အထွေထွေထုတ်ဝေစာများထုတ်ဝေခြင်း
(ဂ) သတင်းအေဂျင်စီလုပ်ငန်း
(၃) ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်း အသိအမှတ် ပြုလက်မှတ် အသစ် လျှောက်ထားလိုသူများနှင့် အသစ်လဲလှယ် ကြမည့် ပုံနှိပ်သူ၊ ထုတ်ဝေသူများအနေဖြင့် သတ်မှတ် လျှောက်လွှာ ပုံစံများကို အမှတ် (၄)၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်ရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲတွင် အခမဲ့ လာရောက်ထုတ်ယူ၍ လည်းကောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Web side www.moi.gov.mm/iprd တွင် လည်းကောင်း ရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
(၄) အသေးစိတ်သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် -၀၁-၅၄၄၅၇၈၊ ၀၁-၅၄၁၄၁၃ နှင့် ၀၁-၅၄၄၅၈၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
Visit website
Posted via Blogaway
0 comments:
Post a Comment