Tuesday, October 28, 2014
Wednesday, October 15, 2014
ကင် ဆာအမြစ်ပြတ်သမြားနီဆေးကြီး"
"ကင် ဆာအမြစ်ပြတ်သမြားနီဆေးကြီး"
mansharawa / 272 days ago
8.10.2013
(ခွဲစိတ်ကုသရန် မလိုဘဲ ငွေကြေးအကုန်အကျသက်သာစွာဖြင့် ကိုယ်တိုင်ဖော်စပ်ခဲ့ သည့် လက်တွေ့ အမြစ်ပြတ်ဆေးကောင်းတစ်လက်ဖြစ်ပါသည် )့
ဂန့် ဂေါမှာ တော်တော်နာမည် ရ နေတဲ့ ဆေးစွမ်းကောင်းတစ်ခုပါ ။ တစ်ခြားမြို့ တွေကလည်းမှာယူ သုံးစွဲနေ ကြပါပြီ ....
ဂန့် ဂေါကိုပြန်ရောက်တော့ ဒီဆေးအ ကြောင်း တော်တော်စိတ်ဝင် စားနေပြီ ......လက် ရှိရောဂါ ဖြစ်နေသူတွေ လက်တွေ့ ပျောက်သွားကြတာကိုး ...ဆရာကြီးဦးမြင့်ကိုနှင့် သွားတွေ့ ပြီး မေးဖြစ်ခဲ့ ပါတယ် ။ ဆရာကြီးဦးမြင့် ကိုရဲ့  ဇနီးဒေါ်ကြံမေ ကိုယ်တိုင် သားအိမ် ကင် ဆာအရှင်းပျောက်သွားလို့  ဒီဆေး ဖြန့် ဖြစ်သွားတာလို့ သိရပါတယ်။လက် ရှိ လက်လှမ်းမှီသ လောက် တော်တော်များများနေရာတွေမှာ ဖြန့် နေပါပြီ ....
အဓိက ပျောက်ကင်းနိုင် တဲ့ရောဂါတွေက တော့
- HIV - AIDS (A) ခုခံအားကျဆင်းသည့် ရောဂါ
- သားအိမ်ကင် ဆာ , သားဥပြွန်ကင် ဆာ , ရင် သားကင် ဆာ, သွေးကင် ဆာ(လုံးဝ သွေးသွင်းရန် မလို ), အသည်း , လည်ချောင်း , အဆုတ် , အစာအိမ် စတဲ့ ကင် ဆာရောဂါများကို ဆေး(၂) လစားလျှင် အမြစ်ပြတ်ပျောက်ကင်းကြောင်း သိခဲ့ရပါတယ် ။ လက် ရှိအသည်းရောင် အသားဝါ "B" ပိုး "C" ပိုးဖြစ်နေသူတွေပါ လက်တွေ့ ပျောက်ကင်းသွားပြီ လို့ သိခွင့်ရခဲ့ပါတယ် ။ ဆရာကြီး ကလည်းသူ့ ဆီ မှာယူသောက်ပြီး ရောဂါ ပျောက်ကင်းသွားသူတွေ ရ့ဲ့ စာရင်းများကိုလည်းပြုစုထားတာ တွေ့ ခဲ့ရပါတယ် ။
ရောဂါပျောက်ကင်းသွားသူတွေ တော်တော်များနေပါပြီ ။ HIV- AIDS (A) ခုခံအားကျဆင်းသူတွေ မှာယူသုံးစွဲပြီး တော်တော်ထူးခြားစွာ တိုးတက်လာကြတာလည်း တွေ့ ခဲ့ရပါတယ် ။
ဆေးစားရန် အညွှန်းမှာ
* ခွဲစိတ်ပြီး ဓာတ်ကင် ထားသောလူနာများ ။ ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားနေ သောလူနာများ တစ် ရက်လျှင် (၃) ကြိမ် ။ တစ်ကြိမ်လျှင် (၅) လုံးစားရန်
* သွေးအဖြူ အနီ ဆင်းနေသူများ ။ ဒွါရများမှ သွေးထွက်နေသူများ တစ် ရက်လျှင်(၃) ကြိမ် တစ်ကြိမ်လျှင် (၃) လုံးစားရန်
*အစာစားပြီးတိုင်း ပျို့ အန်ခြင်း ပြန်လှန်ခြင်း စသည့် (အစာအိမ် ကင် ဆာရောဂါ လက္ခဏာ) ဖြစ်နေပါက တစ် ရက်လျှင် (၃) ကြိမ် တစ်ကြိမ်လျှင်
(၂) လုံးစားရန်
် ရန်ကုန်ဖြန့် ချိရေး တွင် ဖုန်းဆက်မှာယူနိုင်ပါသည်
ဖုန်းနံပါတ် - 09 421001025
Ref; မြန်မာတို့ အတွက်မြန်မာ့ ဆေးမြီးတိုများ
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook Page -www.facebook.com/pages/Nayzawlin1/29253007413172
Visit website
Posted via Blogaway
ကင် ဆာအမြစ်ပြတ်သမြားနီဆေးကြီး"
"ကင် ဆာအမြစ်ပြတ်သမြားနီဆေးကြီး"
mansharawa / 272 days ago
8.10.2013
(ခွဲစိတ်ကုသရန် မလိုဘဲ ငွေကြေးအကုန်အကျသက်သာစွာဖြင့် ကိုယ်တိုင်ဖော်စပ်ခဲ့ သည့် လက်တွေ့ အမြစ်ပြတ်ဆေးကောင်းတစ်လက်ဖြစ်ပါသည် )့
ဂန့် ဂေါမှာ တော်တော်နာမည် ရ နေတဲ့ ဆေးစွမ်းကောင်းတစ်ခုပါ ။ တစ်ခြားမြို့ တွေကလည်းမှာယူ သုံးစွဲနေ ကြပါပြီ ....
ဂန့် ဂေါကိုပြန်ရောက်တော့ ဒီဆေးအ ကြောင်း တော်တော်စိတ်ဝင် စားနေပြီ ......လက် ရှိရောဂါ ဖြစ်နေသူတွေ လက်တွေ့ ပျောက်သွားကြတာကိုး ...ဆရာကြီးဦးမြင့်ကိုနှင့် သွားတွေ့ ပြီး မေးဖြစ်ခဲ့ ပါတယ် ။ ဆရာကြီးဦးမြင့် ကိုရဲ့  ဇနီးဒေါ်ကြံမေ ကိုယ်တိုင် သားအိမ် ကင် ဆာအရှင်းပျောက်သွားလို့  ဒီဆေး ဖြန့် ဖြစ်သွားတာလို့ သိရပါတယ်။လက် ရှိ လက်လှမ်းမှီသ လောက် တော်တော်များများနေရာတွေမှာ ဖြန့် နေပါပြီ ....
အဓိက ပျောက်ကင်းနိုင် တဲ့ရောဂါတွေက တော့
- HIV - AIDS (A) ခုခံအားကျဆင်းသည့် ရောဂါ
- သားအိမ်ကင် ဆာ , သားဥပြွန်ကင် ဆာ , ရင် သားကင် ဆာ, သွေးကင် ဆာ(လုံးဝ သွေးသွင်းရန် မလို ), အသည်း , လည်ချောင်း , အဆုတ် , အစာအိမ် စတဲ့ ကင် ဆာရောဂါများကို ဆေး(၂) လစားလျှင် အမြစ်ပြတ်ပျောက်ကင်းကြောင်း သိခဲ့ရပါတယ် ။ လက် ရှိအသည်းရောင် အသားဝါ "B" ပိုး "C" ပိုးဖြစ်နေသူတွေပါ လက်တွေ့ ပျောက်ကင်းသွားပြီ လို့ သိခွင့်ရခဲ့ပါတယ် ။ ဆရာကြီး ကလည်းသူ့ ဆီ မှာယူသောက်ပြီး ရောဂါ ပျောက်ကင်းသွားသူတွေ ရ့ဲ့ စာရင်းများကိုလည်းပြုစုထားတာ တွေ့ ခဲ့ရပါတယ် ။
ရောဂါပျောက်ကင်းသွားသူတွေ တော်တော်များနေပါပြီ ။ HIV- AIDS (A) ခုခံအားကျဆင်းသူတွေ မှာယူသုံးစွဲပြီး တော်တော်ထူးခြားစွာ တိုးတက်လာကြတာလည်း တွေ့ ခဲ့ရပါတယ် ။
ဆေးစားရန် အညွှန်းမှာ
* ခွဲစိတ်ပြီး ဓာတ်ကင် ထားသောလူနာများ ။ ရောဂါ ဝေဒနာပြင်းထန်စွာ ခံစားနေ သောလူနာများ တစ် ရက်လျှင် (၃) ကြိမ် ။ တစ်ကြိမ်လျှင် (၅) လုံးစားရန်
* သွေးအဖြူ အနီ ဆင်းနေသူများ ။ ဒွါရများမှ သွေးထွက်နေသူများ တစ် ရက်လျှင်(၃) ကြိမ် တစ်ကြိမ်လျှင် (၃) လုံးစားရန်
*အစာစားပြီးတိုင်း ပျို့ အန်ခြင်း ပြန်လှန်ခြင်း စသည့် (အစာအိမ် ကင် ဆာရောဂါ လက္ခဏာ) ဖြစ်နေပါက တစ် ရက်လျှင် (၃) ကြိမ် တစ်ကြိမ်လျှင်
(၂) လုံးစားရန်
် ရန်ကုန်ဖြန့် ချိရေး တွင် ဖုန်းဆက်မှာယူနိုင်ပါသည်
ဖုန်းနံပါတ် - 09 421001025
Ref; မြန်မာတို့ အတွက်မြန်မာ့ ဆေးမြီးတိုများ
Admin
Nay Zaw Lin1
Free Online Radio Media (Malaysia)
Website - www.malaysiaonlineradiomedia.com
Facebook Page -www.facebook.com/pages/Nayzawlin1/29253007413172
Visit website
Posted via Blogaway
မဖြူနှင်းထွေးအား ခြွင်းချက် မရှိ လွှတ်ပေးရန် (၁၉၉၀) လွှတ်တော် ကိုယ်စားလှယ်များ အဖွ...
မဖြူနှင်းထွေးအား ခြွင်းချက် မရှိ လွှတ်ပေးရန် (၁၉၉၀) လွှတ်တော် ကိုယ်စားလှယ်များ အဖွ...
Myanmar Online News's Facebook Wall / Myanmar Online News / 3 hours ago
မဖြူနှင်းထွေးအား ခြွင်းချက် မရှိ လွှတ်ပေးရန် (၁၉၉၀) လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့မှ ကြေညာချက်ထုတ် « Back
Wednesday, October 15, 2014
ဖမ်းဆီး ချုပ်နှောင်ခံ ထားရသော အထက်မြန်မာပြည် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင် မဖြူနှင်းထွေးအား ချွင်းချက်မရှိ လွှတ်ပေးရန် (၁၉၉၀) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့မှ ယမန်နေ့က သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ တရုတ် နိုင်ငံသား နှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်မှုတွင် ပါဝင်ခဲ့သည်ဟု ဆိုကာ ဗကသ ကျောင်းသူ မဖြူနှင်းထွေးအား စက်တင်ဘာလ (၁၃) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့၌ သက်ဆိုင်ရာမှ ဖမ်းဆီးခဲ့သည်။ ကျွန်တော်တို့ အဖွဲ့ အနေနဲ့ မဖြူနှင်းထွေး ကိစ္စဟာ တရား မျှတမှု မရှိဘူးလို့ မြင်တယ်။ တက္ကသိုလ် ကျောင်းသူလည်း ဖြစ်တယ် အမျိုးသမီး တစ်ဦးလည်း ဖြစ်တယ်။ ဒါကို သက်ဆိုင်ရာက ဘယ်လိုမှ မလုပ်သင့်ဘူးလို့ မြင်တယ်။ ကျွန်တော်တို့ ကြေညာချက် ထုတ်တယ်။
ဒါကို မှ အစိုးရက လုပ်မပေးဘူး ဆိုရင် မဖြူနှင်းထွေး ပြန်လွှတ်ဖို့ ကျွန်တော်တို့ အစိုးရကို တိုက်ရိုက် တိုက်တွန်း သွားမယ် ဟု ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့မှ ဦးဒေးဗစ်လှမြင့်က The Messenger Media သို့ ပြောသည်။ ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့၏ ကြေညာချက်တွင် လက်ပံတောင်းတောင် ဒေသခံများ အကျိုး ဆောင်ရွက်သူ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂများ အဖွဲ့ချုပ်၊ မန္တလေး ခရိုင် ကျောင်းသားသမဂ္ဂ ကျောင်းသူ မဖြူနှင်းထွေးအား အာဏာပိုင်များက ကြီးလေးသော ပုဒ်မများ တပ်ကာ ဖမ်းဆီး တရားစွဲဆို ခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှု မှသည် အာဏာရှင် အဆက်ဆက်အား တော်လှန် တိုက်ပွဲဝင် ခဲ့သော ကျောင်းသားသမဂ္ဂများ၊ သမဂ္ဂ အဖွဲ့ဝင်များသည် မျိုးဆက်အလိုက် ယနေ့ အချိန်အထိ လူ့ အခွင့်အရေး ၊ဒီမိုကရေစီ အရေး၊ ငြိမ်းချမ်းရေး ကိစ္စ အရပ်ရပ် တို့တွင် ပါဝင် ဆောင်ရွက် နေကြောင်း၊ ထို့ကြောင့် မြန်မာ့အရေးနှင့် မြန်မာ ကျောင်းသားတို့မှာ တစ်ထပ်တည်း၊ တစ်သားတည်းရှိ နေသည်ကို အာဏာပိုင်များ သတိချပ်သင့်ကြောင်း ဖော်ပြထားသည်။
မဖြူနှင်းထွေးနဲ့ ပတ်သက်ပြီး တချို့ အဖွဲ့အစည်း တွေက ကြေညာချက်တွေ ထုတ်ပြန်တယ် ဆိုတာ အွန်လိုင်းကနေ မကြာခဏ တွေ့နေရ ပါတယ်။ ဒီလို ထုတ်ပြန်ပေးတဲ့ အတွက်လည်း ကျွန်မတို့ အဖွဲ့က ကျေးဇူးတင်ပါတယ်။ ကျွန်မ တို့လည်း မဖြူနှင်းထွေး လွတ်မြောက်အောင် လုပ်ဖို့ အားတွေ ပိုရှိလာတယ်။ အားပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ဟု ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ဗဟို လုပ်ငန်း ကော်မတီ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က The Messenger Media သို့ပြောသည်။
၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ အနေဖြင့် မတရား ဖမ်းဆီး ချုပ်နှောင်ထားသော ဗကသ ကျောင်းသူ မဖြူနှင်းထွေးအား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ အမျိုးသား ပညာရေး ဥပဒေအား ဖျက်သိမ်းပေးရန်နှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ရပ်ဆိုင်းပေးရန် ဟူသည့် အချက်သုံးချက်ကို တောင်းဆိုခဲ့သည်။
messengernewsjournal
Visit website
Posted via Blogaway
၂ဝ၃ဝပြည့်နှစ်တွင်မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းမည်ဟု ပြည်ထောင်စုဝန်ကြီးပြေ...
၂ဝ၃ဝပြည့်နှစ်တွင်မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းမည်ဟု ပြည်ထောင်စုဝန်ကြီးပြေ...
Myanmar Online News's Facebook Wall / Myanmar Online News / 1 hours ago
၂ဝ၃ဝပြည့်နှစ်တွင်မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းမည်ဟု
ပြည်ထောင်စုဝန်ကြီးပြောကြား
Wednesday, October 15, 2014
လာ မည့် ၂ဝ၃ဝပြည့်နှစ်တွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်မီးလင်းရန် နှစ်ရှည်စီမံကိန်းဖြင့် ဆောင်ရွက်နေ ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာ နမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် စိုးက ပြောကြားလိုက်သည်။
''၂ဝ၁၅-၂ဝ၁၆မှာ အိမ်ထောင် စုပေါင်း ၅ဝရာခိုင်နှုန်း၊ လျှပ်စစ် ဓာတ်အားရရှိဖို့နဲ့ ၂ဝ၃ဝပြည့်နှစ် ဆိုရင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရမယ်ဆိုပြီး စီမံချက်နဲ့ လုပ်နေပါတယ်''ဟု ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးကဆိုသည်။
အောက်တိုဘာ ၁၃ရက် ည နေပိုင်းက ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ရောက်ရှိခဲ့သည့် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန် ကြီးဦးခင်မောင်စိုးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အပါအဝင် စစ်တွေမြို့ မိမြို့ဖများနှင့် စစ်တွေမြို့မှစီးပွား ရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးစွဲ မှုရာနှုန်းမှာ ၂ဝ၁ဝ-၂ဝ၁၁ခုနှစ် အ စိုးရသစ်တက်ခါစကာလတွင် မြန် မာနိုင်ငံ၏ အိမ်ထောင်စု ၂၇ ရာခိုင် နှုန်းသာ လျှပ်စစ်မီးရရှိခဲ့ပြီး ယခုချိန် တွင် အိမ်ထောင်စု ၃၃ရာခိုင်နှုန်း အထိ လျှပ်စစ်ဓာတ်အားရရှိနေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောသည်။
မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၄ဝဝဝကျော်ရှိပါတယ်။ အရင်ကျေး ရွာပေါင်း ၁၇၆ဝဝကျော် လျှပ်စစ်မီး ရတာကနေ အခုကျေးရွာပေါင်း ၂၃ဝဝဝကျော် လျှပ်စစ်မီးရပါပြီ''ဟု ယင်းကဆိုသည်။
ယင်းအပြင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် နောက်ဆုံး ဆောင်ရွက်ချက်မှာ လက်ရှိအိမ် ထောင်စုပေါင်း နှစ်သိန်းကို ၂ဝ၁၅- ၂ဝ၁၆တွင် လျှပ်စစ်ဓာတ်အား မဖြစ် မနေ လျှပ်စစ်မီးရရှိအောင် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ကတိပေးပြော ကြားသွားခဲ့သည်။
ယင်းအပြင် မဟာဓာတ်အား လိုင်းမှ သွယ်တန်း၍မရနိုင်သည့် နေရာဒေသများကို လေစွမ်းအင်ဖြင့် လျှပ်စစ်မီးပေးနိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း၊ မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်တွင် ၁ဝနေရာ၊ ချင်း ပြည်နယ်တွင် ၁ဝနေရာ၊ ဧရာ ဝတီတိုင်းဒေသကြီးတွင် ငါးနေရာ နှင့် ရန်ကုန်တိုင်းဒေသကြီးတွင် နှစ် နေရာတို့တွင် လေစွမ်းအင်ဖြင့် လျှပ် စစ်မီးပေး၍ရကြောင်း ပြည်ထောင် စုဝန်ကြီးက ဆိုသည်။
Democracytoday
Visit website
Posted via Blogaway
စစ်တမ်းကောက်ချက်တွေနဲ့ သုတေသီတွေ ဖွင့်ဟလိုက်တဲ့ အိမ်ထောင်ရေး ရှည်ကြာစေဖို့အတွက်
စစ်တမ်းကောက်ချက်တွေနဲ့ သုတေသီတွေ ဖွင့်ဟလိုက်တဲ့ အိမ်ထောင်ရေး ရှည်ကြာစေဖို့အတွက်...
Myanmar Online News's Facebook Wall / Myanmar Online News / 1 hours ago
စစ်တမ်းကောက်ချက်တွေနဲ့ သုတေသီတွေ ဖွင့်ဟလိုက်တဲ့ အိမ်ထောင်ရေး ရှည်ကြာစေဖို့အတွက် အရေးအကြီးဆုံးအချက်များ
Wednesday, October 15, 2014
တစ်ပတ်တစ်ခါနီးပါး ထွက်ရှိလာတဲ့ အိမ်ထောင်ရေးတည်မြဲစေမယ့် အကြောင်းအရာတွေ သင်သိရှိပြီးသားဖြစ်ပါလိမ့်မယ်။ စစ်တမ်းကောက်ချက်တွေအရ၊ သုတေသီတွေနဲ့ နှလုံးသားရေးရာအကြံပေး စသူတို့ရဲ့ ဖွင့်ဟချက်တွေအရ အိမ်ထောင်ရေးခိုင်မြဲစေဖို့၊ ကြာရှည်စေဖို့ ထိန်းသိမ်းရမယ့်နည်းတွေဟာ အသစ်တွေ တိုးလာပါပြီ။ ဒီတော့ ဖော်ပြပြီးသားအချက်တွေရော၊ အသစ်ထွက်ရှိလာတဲ့အချက်တွေအားလုံးကို ခုလို ဖော်ပြပေးလိုက်ပါတယ်။
၁။စေ့စပ်လက်စွပ်ကို အပေါစားမ၀ယ်ပါနဲ့။ တတ်နိုင်သလောက် ကောင်းကောင်းဝယ်ဖို့လိုပါတယ်။
ဒါဟာ ဘာကြီးများလဲဆိုပြီး အူကြောင်ကြောင်ဖြစ်စေမယ့် အချက်ပါပဲ။ ဒါပေမယ့် Emory တက္ကသိုလ်က လေ့လာချက်တွေအရ စေ့စပ်လက်စွပ်ကို ဈေးကြီးပေးဝယ်ကာ လက်ထပ်ခွင့်တောင်းတဲ့ သူတွေဟာ အပေါစားလက်စွပ်၊ ဖြစ်သလို ၀ယ်ကာ လက်ထပ်ခွင့်တောင်းသူတွေထက် အိမ်ထောင်ကွဲဖို့ ရာခိုင်နှုန်းနည်းတယ်လို့ သိရပါတယ်။ ရာခိုင်နှုန်းအတိအကျကတော့ ၃၉ရာခိုင်နှုန်းပိုနည်းတာပါ။
၂။ငွေရှာနိုင်တဲ့သူ ဖြစ်ပါစေ။
အထက်တန်းစား ချမ်းသာတဲ့သူဌေးမဟုတ်တောင် လူတန်းစေ့နေနိုင်၊ သွားနိုင်၊ သုံးနိုင်တဲ့သူ ဖြစ်နေရပါမယ်။ သင်ငွေရှာနိုင်မှ ဖြစ်မှာပါ။ ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့မရနိုင်ရင်တောင် ငွေရှိတော့ သင့်မှာ စိတ်ဖိစီးမှုနည်းသွားပါလိမ့်မယ်။ ဒါအရေးကြီးတဲ့ အချက်ပါ။
၃။ဘုရားသွားကျောင်းတက် အတူဖြစ်ပါစေ။
ခရစ်ယာန်ဘာသာဝင်ဆို တနင်္ဂနွေနေ့တိုင်း နှစ်ဦးသား ဘုရားကျောင်းအတူတက်တာမျိုး၊ ဒါမှမဟုတ် ဗုဒ္ဓဘာသာဆိုရင်လည်း အပတ်တိုင်း ဘုရားသွားတာ၊ လတိုင်း ဘုရားသွားတာမျိုးလေး ပုံမှန်လုပ်ပေးဖို့လိုပါတယ်။
၎။သူ့ရဲ့အတွင်းစိတ်ကို ချစ်နိုင်အောင်ကြိုးစားပါ။ အူကြောင်ကြောင်လုပ်ရပ်တွေကိုလည်း နားလည်အောင်ကြိုးစားပါ။
သင့်ချစ်သူရဲ့ မျက်နှာလေးကို သဘောကျပြီး လက်ထပ်လိုက်တာမျိုးထက် သူ့ရဲ့ စိတ်နေစိတ်ထားကိုပါ သဘောကျအောင် ကြိုးစားပါ။ စိတ်အလှကို မြင်အောင်ကြည့်ပါ။ အရေးကြီးတာက သူ့ရဲ့ဆိုးကွက်ကိုလည်း သည်းခံနိုင်တဲ့သူ ဖြစ်ရပါမယ်။
၅။မင်္ဂလာဆောင်တဲ့အခါ ဈေးသက်သာပြီး ပွဲကြီးကြီးကျင်းပနိုင်အောင် လုပ်ပါ။
နောက်ဆုံးထွက်ရှိထားတဲ့ လေ့လာချက်တွေအရ မင်္ဂလာဆောင်တဲ့အခါ အသိမိတ်ဆွေများများနဲ့ သိုက်သိုက်ဝန်းဝန်း မင်္ဂလာပွဲကျင်းပနိုင်တဲ့သူတွေဟာ ပိုအိမ်ထောင်မြဲပါတယ်တဲ့။ ဒါဟာ နောက်ပိုင်း အိမ်ထောင်ကွဲတဲ့အခါ လူသိရှင်ကြား လက်ထပ်ထားတဲ့အတွက် ရှက်တာမျိုးကြောင့်လည်း ဖြစ်နိုင်သလို နှစ်ဦးသား ကတောက်ကဆဖြစ်တဲ့အခါ ၀ိုင်းဝန်းပြောဆိုပေးမယ့်၊ ကူညီပေးမယ့်သူတွေ များတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
၆။ဟန်းနီးမွန်း သွားဖြစ်အောင်သွားပါ။
The Emory က လေ့လာတွေ့ရှိချက်နောက်တစ်ခုကတော့ မင်္ဂလာဆောင်ပြီး ဟန်းနီးမွန်းသွားတဲ့သူတွေဟာ မသွားတဲ့သူတွေထက် ၄၁ရာခိုင်နှုန်း အိမ်ထောင်ကွဲခြင်းကို လျှော့ချပစ်နိုင်တယ်လို့ ဆိုထားပါတယ်။
၇။အိမ်မှုကိစ္စတွေကို တာဝန်ခွဲပြီးလုပ်ဆောင်ပါ။
Missouri တက္ကသိုလ်၊ Brigham Young တက္ကသိုလ် နဲ့ Utah တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ အိမ်မှုကိစ္စတွေကို ခွဲဝေလုပ်ဆောင်ခြင်းဟာ နှစ်ဦးစလုံးအတွက် ပျော်ရွှင်မှုပိုရစေလို့ သိရပါတယ်။ တကယ်လို့ အိမ်အလုပ်တွေ လုပ်ရတာ မုန်းတဲ့သူဆိုရင်လည်း အဲ့ဒီအစားတစ်ခုခုကို ပိုတာဝန်ယူပေးတာမျိုး အစားထိုးလုပ်ဆောင်ပေးတာမျိုး ဖြစ်သင့်ပါတယ်။
၈။အိမ်ထောင်ပြုပြီးတဲ့အခါ အခြားသူငယ်ချင်းစုံတွဲတွေနဲ့ တွေ့ဆုံတာ၊ အပြင်ထွက်လည်ပတ်တာမျိုးတွေ လုပ်ပေးပါ။
ကယ်လီဖိုးနီးယားတက္ကသိုလ်က လေ့လာတွေ့ရှိချက်တစ်ခုကတော့ အိမ်ထောင်သည် အတွဲနှစ်တွဲ မကြာခဏတွေ့ဆုံပြီး အတူသွားလာခြင်းဟာ သူတို့ရဲ့အိမ်ထောင်ရေးကို ပိုခိုင်မြဲစေပါတယ်တဲ့။ အိမ်ထောင်တစ်ခုမှာ ဘာတွေလိုအပ်တယ် ဆိုတာ ပြောဖြစ်တယ်၊ ကိုယ်ကတော့ဘယ်လို၊ သူကတော့ ဘယ်လိုစသဖြင့် အကြံဥာဏ်တွေလည်း ယူဖြစ်တာကြောင့် ဖြစ်ပါတယ်။
၉။ဆေးလိပ်မသောက်ပါနဲ့။
ဒီလေ့လာတွေ့ရှိချက်ကတော့ Minnesota တက္ကသိုလ်ကနေ ထုတ်ပြန်ထားတာပါ။ ဆေးလိပ်မသောက်တဲ့သူရဲ့ အိမ်ထောင်ရေးဟာ ဆေးလိပ်သောက်သူရဲ့အိမ်ထောင်ရေးထက် ပိုမိုရှည်ကြာတတ်တယ်လို့ ရာခိုင်နှုန်းနဲ့ကို ဖော်ပြထားတာပါ။ ပိုမိုနည်းပါးတဲ့ ရာခိုင်နှုန်းကတော့ ၅၃ရာခိုင်နှုန်းပါ။
၁၀။အိမ်ထောင်ရေးအကြောင်း၊ နှစ်ဦးသားမျှော်လင့်ချက်အကြောင်းကို ဆွေးနွေးပါ။
အိမ်ထောင်ကျပြီးတာနဲ့ အချစ်အကြောင်း၊ အိမ်ထောင်ရေးသာယာစေဖို့အကြောင်းတွေ ဆွေးနွေးဖို့ မလိုအပ်တော့ဘူးလို့ မထင်လိုက်ပါနဲ့။ ရုပ်ရှင်ကြည့်ရင်း ရုပ်ရှင်ကားထဲက အိမ်ထောင်ရေးကိစ္စရပ်ကို နှစ်ဦးသား ဆွေးနွေးတာ၊ သူ့အမြင် ဘယ်လိုရှိတယ်၊ သူ မျှော်လင့်နေတာ၊ ဖြစ်ချင်နေတာ ဘာလဲဆိုတာ သိထားမယ်ဆိုရင် နှစ်ဦးသားသံယောဇဉ် ပိုမိုခိုင်မြဲမှာ အမှန်ပါပဲ။
Ref:cosmopolitan.com
မေသော်
Trend Myanmar
Visit website
Posted via Blogaway
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ သတင်းအေဂျင်စီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် လျှောက်ထာ.
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ သတင်းအေဂျင်စီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် လျှောက်ထာ...
MOI Webportal Myanmar's Facebook Wall / MOI Webportal Myanmar / 42 mins ago
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း၊ သတင်းအေဂျင်စီ လုပ်ငန်း အသိအမှတ်ပြု လက်မှတ် လျှောက်ထားလိုသူများအတွက် အသိပေး ကြေညာချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
၁။ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃ ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေကို ရုပ်သိမ်းခဲ့ပါသည်။ ဆက်လက်၍ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကိုလည်း (၂-၄-၂၀၁၄) ရက်နေ့တွင် ဖျက်သိမ်းခဲ့ရာ ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင် လုပ်ငန်းများ ဖြစ်သည့် အသစ်ခွင့်ပြုခြင်း၊ သက်တမ်းတိုးခြင်း စသည့် လုပ်ငန်းများကို နည်းဥပဒေအသစ်မထွက်မီ ယာယီဆိုင်းငံ့ထားရှိခဲ့ပါသည်။
၂။ အသစ်ပြဋ္ဌာန်းပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများကို (၁၀-၁၀-၂၀၁၄) ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ၎င်းနည်းဥပဒေအပြည့်အစုံကို ပြန်ကြားရေးဝန်ကြီးဌာန Website ဖြစ်သော www.moi.gov.mm တွင် လွှင့်တင်ထားပြီး ဖြစ်ပါသည်။ နည်းဥပဒေများအရ အောက်ဖော်ပြပါ လုပ်ငန်းအမျိုးအစားများအတွက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ် အသစ်လျှောက်ထားခြင်း၊ (၃၀-၆-၂၀၁၄) ရက်နေ့တွင် သက်တမ်းကုန်ဆုံးသည့် လုပ်ငန်းများနှင့် (၃၁-၁၂-၂၀၁၄) ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းအတွက် ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင်သက်သေခံ လက်မှတ်များကို လုပ်ငန်းအသိအမှတ်ပြု လက်မှတ်အသစ်များဖြင့် လဲလှယ်ခြင်းတို့ကို (၁၅-၁၀-၂၀၁၄) ရက်နေ့မှ စတင် လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
(က) ပုံနှိပ်ခြင်းလုပ်ငန်း
(၁) ပုံနှိပ်သည့်စက်များ၊ Letter Press၊ Offset၊ Gravure and Flexo Printing Machine (ပလတ်စတစ်ရိုက်စက်များ အပါအဝင်)
(၂) Digital Printing Machine၊
(၃) Computer to Plate Machine။
မှတ်ချက်။ အပုဒ် ၂(က) ဖော်ပြချက်နှင့် အကျုံးမဝင်သော မိတ္တူကူးစက်နှင့် ကွန်ပျူတာများလျှောက်ထားရန် မလိုပါ။
(ခ) ထုတ်ဝေခြင်းလုပ်ငန်း
(၁) သတင်းစာ ထုတ်ဝေခြင်း၊
(၂) ဂျာနယ်ထုတ်ဝေခြင်း၊
(၃) မဂ္ဂဇင်းထုတ်ဝေခြင်း
(၄) အထွေထွေထုတ်ဝေစာများထုတ်ဝေခြင်း
(ဂ) သတင်းအေဂျင်စီလုပ်ငန်း
(၃) ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်း အသိအမှတ် ပြုလက်မှတ် အသစ် လျှောက်ထားလိုသူများနှင့် အသစ်လဲလှယ် ကြမည့် ပုံနှိပ်သူ၊ ထုတ်ဝေသူများအနေဖြင့် သတ်မှတ် လျှောက်လွှာ ပုံစံများကို အမှတ် (၄)၊ ဝင်္ကပါလမ်း၊ ဗဟန်းမြို့နယ်ရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲတွင် အခမဲ့ လာရောက်ထုတ်ယူ၍ လည်းကောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Web side www.moi.gov.mm/iprd တွင် လည်းကောင်း ရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
(၄) အသေးစိတ်သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် -၀၁-၅၄၄၅၇၈၊ ၀၁-၅၄၁၄၁၃ နှင့် ၀၁-၅၄၄၅၈၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
Visit website
Posted via Blogaway